စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ admin

ကျွန်ုပ်တို့လိုတာက

မိတ်ဆွေတစ်ဦး၏သမီးက ခင်ပွန်းနှင့်သားသမီးများကို ချန်ရစ်ပြီး၊ လောကမှထွက်ခွာသွားကြောင်း၊ မကြာမီကလည်း ဖခင်နှစ်ဦးမှာ ယာဉ်တိုက်မှုကြောင့် ဆယ်ကျော်သက် သားများကို ဆုံးရှုံခဲ့ရကြောင်း၊ အသင်းတော်၏ အမာခံအသင်းသား တစ်ဦးမှာ အငြိမ်းစားယူပြီးနောက် ဆက်တိုက် ကျန်းမာရေးဆိုးဝါး ကျဆင်းနေကြောင်း ကြေကွဲစရာသတင်းများကို မပြတ်ကြားနေရသည်။ ၄င်းအဖြစ်များကို သင်နားလည်ပြီး သင်ကိုယ်တိုင်လည်းကြုံရမည်။
ရုန်းကန်ရမှုများနှင့် နာကျင်မှုများက ယုံကြည်ခြင်း ယိမ်းယိုင်အောင် ခြောက်လှန့်နေပြီး ကျွန်ုပ်တို့၏ နောက်ဆုံးပျော်ရွှင်မှုကို လုယူပါက ဘယ်အရပ်မှ မစမှုရပါအံ့။
မျှော်လင့်ခြင်း၊ မစမှုနှင့်ဖြစ်နိုင်ခြေများဖြင့် ပြည့်နေသော ကောရိန်သုဒုတိယစာစောင် (၁း၃) က မှန် ကန်သော ဦးတည်ရာ ဖြစ်နိုင်သည်။ ထိုကျမ်းပိုဒ်က ဘာပြောသည်ကို ဆန်းစစ်ကြည့်ပါစို့။ ရှင်ပေါလုက ဘုရားသခင်ကို အဆင့်နှစ်ဆင့်ဖြင့် ချီးမွမ်းထားသည်။ (ရှင်ပေါလုသည် ကျွန်ုပ်တို့အများစုထက်ပို၍ ရုန်းကန် ရပြီး ဒုက္ခများကြုံတွေ့ခဲ့ရကြောင်းသိမှတ်ပါ။) ပထမဆုံးအနေဖြင့် ကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်သည် သာမ က သခင်ယေရှု၏…

မိသားစုများ အတူတကွရှိခြင်း

ကျွန်ုမတို့ အိမ်ထောင်၌ ပျော်စရာမိသားစု အလေ့အထတစ်ခုရှိသည်။ အိပ်၌ ခင်ပွန်းနှင့် ကလေး များ လူစုံရှိချိန်၌ “မိသားစုဖက်ယမ်းခြင်း” ဟု တစ်ယောက်ကအော်လိုက်လျှင် ကျွန်မတို့အားလုံး မီးဖို ခန်းတွင်စုကာ ကျွန်မက ကလေးများကို ဖက်ထားပြီး ခင်ပွန်းက သူ့လက်များဖြင့် ကျွန်မတို့အားလုံးကို မိုးပြီးပိုက်ထွေးသည်။ ၄င်းသည် ကျွန်မတို့မေတ္တာကို ဖော်ပြသည့် နည်းဖြစ်ပြီး မိသားစုရင်းနှီးခင်မင်မှုရှိသည့် ခဏတာအချိန်ကို ပျော်ရွှင်စွာ ခံစားကြသည်။
ထိုသို့ ဖက်ယမ်းခြင်းကို အလျဉ်းသင့်သလို ကျွန်မတို့ပြုလုပ်လေ့ရှိသော်လည်း၊ ထိုစည်းလုံးညီညွတ် သောစိတ်ထားကို အမြဲထိန်းထားရန် မလွယ်ကူပါ။ ထို့ပြင် မိသားစုတွင်းရှိ လူတစ်ဦးစီမှာ တစ်မျိုးစီဖြစ်ရာ၊ ဘုရားသခင်၏ မိသားစုကဲ့သို့ပင် ကျွန်ုပ်တို့တွင် လိုအပ်ချက်များ၊ စွမ်းဆောင်ရည်များနှင့် အမြင်များက မတူညီဘဲရှိနေသည် (ဧ ၄း၁၁-၁၂)။
အခြားယုံကြည်သူများနှင့်မတူညီမှုများ မလွဲမသွေရှိသော်လည်း ရှင်ပေါလုက ကျွန်ုပ်တို့အား “သင် တို့သည် အချင်းချင်း စိတ်သဘောမခြားမနား၊ တစ်လုံးတ၀တည်း…

တစ်ကိုယ်တော်ပျံသန်းခြင်း

၁၉၂၇ ခုနှစ် မေ ၂၀-၂၁ ရက်တွင် ချားလ်စ် လင်းဘက်က အတ္တလန္တိတ် သမုဒ္ဒရာကို ပထမဆုံး မရပ်မနား တစ်ဦးတည်း ကျော်ဖြတ်ပျံသန်းခဲ့၍ လေကြောင်းသမိုင်း ပြောင်းလဲမှုမှတ်တမ်းတင်နိုင်ခဲ့သည်။ သမုဒ္ဒရာကိုဖြတ်သည့် အခြားပျံသန်းမှုများ ရှိခဲ့လည်း မောင်းနှင်သူ လူပါသော ပျံသန်းမှုမဟုတ်၍ ၄င်းသည် သမိုင်းတွင်သည့် အောင်မြင်မှုပင်၊ လင်းဘတ်သည် ပဲရစ်လေဆိပ်သို့ဆင်းသက်သောအခါ လူထောင်ပေါင်း များစွာက သူ့ကို ကျိတ်ကျိတ်တိုး အားပေးကြိုဆိုသည်။ အမေရိကန်ပြည်ထောင်စုသို့ ပြန်ရောက်သော် သူ၏တစ်ကိုယ်တော်စိတ်ဓာတ်နှင့် သတ္တိအတွက် အခမ်းအနားဖြင့်၊ ဂုဏ်ပြုတပ်ဖွဲ့များဖြင့် ထပ်မံဂုဏ်ပြုခံရ သည်။
လင်းဘက်၏ တစ်ဦးတည်းပျံသန်းခြင်းက အန္တရာယ်ကြီးငြားလည်း ဤကျရှုံးနေသော ကမ္ဘာကြီး တွင် အသက်ရှင်ရခြင်းက ပို၍ အန္တရာယ်ကြီး၏။ သို့သော် ခရစ်တော်၏ နောက်လိုက်များအနေဖြင့် ကျွန်ုပ် တို့သည် မည်သည့်အခါတွင်မျှ “တစ်ဦးတည်းပျံသန်းခြင်း” မဟုတ်သဖြင့် နှစ်သိမ့်သက်သာ အားယူစရာပါ။ ကျွန်ုပ်တို့ကို မစွန့်ဘဲ…

သကြားလုံးချိုချို

ကျွန်တော်အချိုကြိုက်ကြောင်းဝန်ခံပါသည်။ Good and Plenty တံဆိပ်သကြားလုံးကိုဖြင့် အကြိုက်ဆုံးပါ။ အလွန်ချိုမြိန်သောအရသာနှင့် သကြားကွပ်ထားသည့် သကြားလုံးလေးများ လက်ထဲ အပြည့်ရှိပါက ဘ၀က ကောင်းစားပြီ။
ဘ၀တွင် ကောင်းသောအရာ အများအပြားရှိသည်။ သို့သော် သကြားလုံးများကဲ့သို့ပင်ကောင်းခြင်း က အချိန်ကြာလျှင်ပျောက်ကွယ်သွားတတ်သည်။ ထိုကောင်းသောအရာများက နောက်ပိုင်းတွင် ခံစားချက် များကိုအဓိပ္ပါယ်မဲ့စေပြီး၊ နောင်တရစရာပင် ဖြစ်နိုင်သည်။ ထို့ကြောင့် ဆာလံဆရာက “ကိုယ်တော်သည် ကျွန်ုပ်၏ သခင်ဖြစ်တော်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ။ ကျေးဇူးတော်မှတပါး အခြား သောမင်္ဂလာသည် အကျွန်ုပ်၌မရှိပါ” (ဆာ၊၁၆း၂) ဟုဆိုသည့်အချက်ကို ကျွန်တော်စွဲငြိမိပါသည်။ ဘုရား သခင်ကောင်းသည်ကို ကျွန်ုပ်တို့အားလုံးသိကြသည်။ သို့သော် ဘုရားသခင်အား အသက်တာတွင် အကောင်းဆုံးအဖြစ် မည်သည့်အချိန်က (ဘယ်တုန်းက) ခံယူပါသနည်း။
သခင် အမှန်တကယ်ကောင်းကြောင်း၊ ဆာလံဆရာက ရှင်းပြထားသည်။ ကိုယ်တော်သည် ကျွန်ုပ် တို့ကို ကွယ်ကာစောင့်ရှောက်သူ (း၁)၊ ကောင်းမြတ်ခြင်းအလုံးစုံကို…

ကောင်းသောနည်းကို အတုယူပါ

ဘ၀၌ အကောင်းနှင့်အဆိုးဒွန်တွဲနေသည်ဟု လူအများ လက်ခံသဘောတူကြသည်။ အိမ်ထောင်၊ ဆက်ဆံပေါင်းသင်းရေး၊ မိသားစု၊ အလုပ်ခွင်နှင့်အသင်းတော်များကို ကြည့်ပါက၄င်းအချက်မှန်ကန်ကြောင်း တွေ့ရသည်။ သို့သော်လည်း သခင်ခရစ်တော်ကို ကိုးကွယ်ပြီး အတူတကွ အစေခံသူများ၏ မိတ်သဟာယ တွင် အတ္တစိတ်ကို ရှေ့တန်းတင်လာလျှင် ကျွန်ုပ်တို့ အံ့သြစိတ်ပျက်ကြသည်။
တမန်တော်ရှင်ယောဟန်က သူ့မိတ်ဆွေဂါယုထံ စာရေးလိုက်ရာတွင် အသင်းတော်တွင်း လူတို့၏ မှန်ကန်သစ္စာရှိသော အသက်ရှင်မှုနှင့် စေတနာစိတ်ထက်သန်သော ဧည့်ဝတ်ကျေပွန်မှုကို ချီးမွမ်းသည် (၃ယော ၁း၃-၈)။ သို့သော်လည်း အသင်းတော်ထဲမှ “အကဲအမှူးလုပ်ချင်သူ” ဒရောတရပ်က ရန်လိုသော အခြေအနေကို ဖန်တီးသည် (း၉)။
အသင်းတော်သို့ နောက်တစ်ကြိမ်လာလျှင် ဒယောတရပ်နှင့် ကိုယ်တိုင်တွေ့မည်ဟု ရှင်ယောဟန် အသေအချာပြောသည်။ ထိုအတောတွင်း ယုံကြည်သူများအား “အချင်းချစ်သူ …. မကောင်းသောနည်းကို မလိုက်နှင့်။ ကောင်းသောနည်းကိုသာ လိုက်လော့။ ကောင်းသောအကျင့်ကို ကျင့်သောသူသည် ဘုရား သခင်နှင့် စပ်ဆိုင်၏။…

လမ်းညွှန်ပေးခြင်း

မကြာခင်က ကျွန်တော့်ဇနီးသည်၏ကား လမ်းပေါ်၌ ပျက်သွားသဖြင့် အိမ်သို့ ပြန်ဆွဲရန် ကာဆွဲ ပေးသည့် ကုမ္ပဏီကို ဆက်သွယ်ကာ ကျွန်တော်တို့အိမ်သို့ လာရမည့် လမ်းကြောင်းကို ပြောပြခဲ့သည်။ ကျွန်တော်တို့လမ်းကြောင်းကို ပြောပြခဲ့သည့် ကျွန်တော်တို့လမ်းနှင့်နာမည်ချင်းဆင်တူသည့်လမ်းက အခြား တစ်ဖက်၌လည်းရှိသဖြင့် ကားမောင်းမည့်သူများ လမ်းညွှန်စက် GPS ကို မသုံးရန်၊ ကျွန်တော်ပြောသည့် လမ်းကြောင်းအတိုင်းသာလာရန် ဖုန်းပြောသူကိုမှာလိုက်ပါသည်။ ဖုန်းပြောသူကလည်း ကျွန်တော်ပြော သည့် လမ်းကြောင်းကို ကားပို့မည့်သူအား ပြောပါမည်ဟု ပြန်ဖြေသည်။
မျှော်ကြည့်ရင်း ပေါ်မလာနိုင်သဖြင့် စိတ်မရှည်ချင်၊ ထိုအချိန်၌ပင် ကားပို့သူက ဖုန်းဆက်ပြီး GPS လမ်းညွှန်အတိုင်းလာသော်လည်းအိမ်ကို ရှာမတွေ့ဟု ပြောလာသည်။ ပြဿနာပင်။ သို့နှင့် ကျွန်တော် လည်း လမ်းကြောင်းကို တစ်ခေါက်ထပ်ပြီး ရှင်းပြလိုက်သည်။ ဘာမှ မကြာလိုက်ပဲ ကျွန်တော်တို့ကားကို ဆွဲသည့်ကားပေါ်လာပါတော့သည်။
ခရစ်ယာန်များသည်လည်း ခရစ်တော်အားဖြင့်သာ ကောင်းကင်နိုင်ငံတော်ကို ရောက်ကြောင်း တိ…

မြင်းမျက်ကာမှ သင်ခန်းစာ

ကျွန်မတို့ လင်မယားနေထိုင်သည့် နေရာမှ မနီးမဝေးတွင် မြင်းများစွာရှိသည့် လယ်တော တစ်ခုရှိ သည်။ ရာသီအချို့၌ မြင်းအချို့ကို မျက်လုံးကာများတပ်ပေးထားရာ ဘာမှမမြင်ရသည့် မြင်းများကို ကျွန်မ သနားမိသည်။ သို့သော် ကျွန်မအထင်မှားသွားကြောင်း နောက်ပိုင်းတွင် သိလာရသည်။ အမှန်က မြင်းမျက် လုံးအကာများကို ဇာဖြင့် ချုပ်ထားခြင်းကြောင့် ၄င်းတို့မြင်ကြရပါသည်။ ဤမျက်စိအကာများက မြင်းမျက် လုံး၌ ဥချပြီး ရောဂါဖြစ်စေသည့် ယင်ကောင်များရန်မှ ကာကွယ်ထားခြင်းပါ။ မျက်လုံးအကာများသည် မြင်းများမမြင်နိုင်အောင်လုပ်ခြင်းမဟုတ်ပဲ အမြင်အာရုံကို ပျက်စီးစေမည့်၊ မျက်စိကွယ်စေနိုင်သော အန္တရာယ်မှ ကာကွယ်ခြင်းပါ။
မျက်လုံးအကာများနှင့်ပတ်သက်ပြီး ကျွန်မအယူအဆ မှားသကဲ့သို့ ခရစ်ယာန်မဟုတ်သူအချို့က ကျမ်းစာနှင့် ပတ်သက်ပြီးနားလည်မှုမှားကြသည်။ ယနေ့လောက၌ ပျော်ရွှင်စရာများကို မမြင်နိုင်အောင် မခံစားနိုင်အောင် ဘုရားသခင်က ကျွန်ုပ်တို့ မျက်လုံးကို ကျမ်းစာအားဖြင့် အဖုံးတပ်ထားသလိုမျိုး ကွယ် ထားသည်ဟု ယူဆကြသည်။ ဘ၀ကို မပျော်ရွှင်၊ မခံစားနိုင်အောင်ဘုရားက…

သင့်နှလုံးသား

တစ်နေ့က ဘုရားကျောင်းတွင် မဲလ်ခမ်း၏ ဆုတောင်းချက်ကို သဘောကျမိပါ၏။ သူက အသက် ၇ နှစ်မျှသာရှိပြီး ကလေး ၁၀၀ ရှေ့တွင် “ယေရှုဘုရား၊ ဘောလုံးကစားရပြီး ဘုရားကျောင်းသွားရတဲ့အခွင့်ပေး လို့ ကျေးဇူးတင်ပါ၏။ ကျွန်ုပ်တို့အပြစ်များအတွက် ခွင့်လွှတ်ခြင်းနှင့် ထာဝရအသက်ကို ပေးလို့ ကျေးဇူးတင် ပါ၏။ ယေရှုကိုချစ်ပါ၏။ ကိုယ်တော်ကို ကျွန်တော်တို့ ဘယ်လောက်ချစ်တယ်ဆိုတာ သတိမရဘဲ မနေ ပါနှင့်” ဟုဆုတောင်းခဲ့သည်။
သူ့နှလုံးသားကို ဘုရားသခင်ထံ ဖွင့်ပြပုံကြောင့် ကျွန်မ မျက်ရည်များပင် လည်လာသည်။ အရွယ်ရောက်သူများအနေဖြင့် ကျွန်မတို့သည် မိမိတို့၏ ဆုတောင်းချက်ကို ဘုရား (သို့) မိမိအနီးအပါးရှိ လူများ နားထောင်၍ ပိုကောင်းအောင်၊ ဆုတောင်းချက်ကို ချောအောင် ကြိုစားလိုသည့်စိတ်ရှိကောင်း ရှိမည်။ သို့ရာတွင် ဘုရားသခင်သည် သူ့သားသမီး၏ စိတ်အတွင်းမှ (အရှိအတိုင်း) ပြောခြင်းကိုသာ နား ထောင်၍ ၀မ်းမြောက်မည်ဟု…

မိုးတိမ်များကို ဆင်ခြင်ပါ

လွန်ခဲ့သောနှစ်များစွာ သားများငယ်စဉ်က ကျွန်တော်တို့ သားအဖ နောက်ဖေးခြံထဲ၌ လဲလျောင်း ကာ တဖြည်းဖြည်းလွင့်မျောနေသည့်တိမ်များကို ကြည့်နေစဉ် သားတစ်ဦးက “အဖေ၊ တိမ်တွေ ဘာလို့လွင့် နေတာလဲ” ဟုမေးရာ၊ ကျွန်တော်က “ဒီလိုရှိတယ်သားရေ” ဟုအစချီကာ အသိပညာဒုနှင့်ဒေးကို သုံး၍ ဖြေပေးမည်ကြံပြီးမှ “အဖေမသိဘူး၊ ဒါပေမဲ့သားသိချင်တာကို သိရစေမယ်” ဟု ၀န်ခံခဲ့ရသည်။
ကျွန်တော်လေ့လာခဲ့ရသည့် အဖြေအရ ကမ္ဘာဆွဲအားကြောင့် အောက်သို့ ဆင်းလာသည့် ငွေ့ရည်ဖွဲ့ စိုထိုင်းလေသည် မြေပြင်မှ တက်လာသည့် ပူနွေးသော အပူရှိန်နှင့်ထိတွေ့ရာမှ ထိုစိုထိုင်းမှုသည် အငွေ့ အဖြစ်သို့ ပြောင်း၍ တိမ်အဖြစ် လေထုထဲသို့ပြန်တက်သွားခြင်းဖြစ်၏။ ၄င်းမှာ သဘာဝတရားဖြစ်စဉ်ပါ။ သို့ရာတွင် သဘာဝဖြစ်စဉ်အတိုင်း ရှင်းပြချက်များမှာ အဆုံးသတ် အတည်ဖြစ်သော အဖြေများမဟုတ်ပါ။ မိုးတိမ်များလွင့်မျောနေသည့်အကြောင်းရင်းမှာ ဘုရားသခင်သည် ပညာတော်အားဖြင့် ထိုသို့ဖြစ်စေရန် သဘာဝနိယာမများကို မိန့်မှာထားခဲ့ခြင်းဖြစ်ပြီး ထိုမိုးတိမ်တို့သည် “ပညာစုံလင်သောဘုရား၏ အံ့သြဖွယ်…

ထုတ်လွင့်ချက်ရရန်အသံဖမ်းခြင်း

ဤအဖြစ်မျိုးက အိမ်ထောင်သည်တိုင်းအတွက် မှန်မမှန်ကို ကျွန်ုပ်မသိပါ။ ကျွန်တော်က ကိုယ့် ပတ်ဝန်းကျင်မှ အသံများကို နားပိတ်ထားပြီး ကိုယ့်ကိုယ်ပိုင်အတွေးများထဲတွင် နှစ်မြုတ်ထားချင်လိုစိတ် ရှိသည်။ ထို့ကြောင့် ကျွန်တော်၏ဇနီး မာတီက ကျွန်တော့်ကို ကြည့်လိုက်ပြီး ကျွန်တော့်စိတ်အခြား ရောက်နေသည်ကို သတိထားမိသည့်အခါ “ရှင်၊ကျွန်မပြောတဲ့အကြောင်းတစ်ခုခုကို ကြားလိုက်ရဲ့လားဟင်” ဟုမကြာခဏမေးတတ်သည်။
နားထောင်ခြင်းသည် မည်သည့်အခန်းကဏ္ဍဖြစ်ပြီး အထူးသဖြင့် ခရစ်တော်နှင့် ဆက်ဆံရေး၌ အဓိကကျပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ပိုင်ဆိုင်သူဖြစ်ပါက နှုတ်ကပတ်တော်အားဖြင့်၊ နှလုံးသား၌ သန့်ရှင်းသော ၀ိညာဉ်တော်လှုပ်ရှားခြင်းအားဖြင့်၊ ကိုယ်တော်နှင့်ဆက်သွယ်နိုင်သည့် အခွင့်ထူး ရရှိပါသည်။ သခင်၏ အသံတော်က ကျွန်ုပ်တို့ကို ဖြောင့်မတ်ခြင်း၊ ချစ်ခြင်း၊ ကျေးဇူးတော်၊ ဘုရားသခင်၏ ဂုဏ်တော်၊ အလိုတော်နှင့်ကိုက်ညီသော အရာများအားလုံးဆီသို့ လမ်းပြပြီး စစ်မှန်သော သိုးထိန်းကြီးကို ကျွန်ုပ်တို့ နာခံနေကြောင်း သိမြင်ကြပါသည်။ ယောဟန် ၁၀ တွင် ယေရှုရှင်သည် မိမိကိုယ်ကို “ကောင်းသော…